အကျဉ်းထောင်များ (Prisons)

အကျဉ်းထောင်များ (Prisons)

အကျဉ်းထောင်ဆိုသည်မှာ တရားစွဲခြင်းခံရသူများနှင့် ရာဇဝတ်မှုအတွက် တရားစီရင်ခြင်းခံရသော သူများ ထိန်းသိမ်းသောနေရာဖြစ်သည်။ အစ္စရေးလူမျိုးများ က နှစ်ကာလကြာမြင့်စွာ အကျဉ်းထောင်မရှိခဲ့ကြပေ။ နိုင်ငံခြားလွှမ်းမိုးခြင်းမှ ရရှိ သောအရာဖြစ်မည်ဟု ယူဆကြပေသည်။ ဓမ္မသစ်ကာလ အကျဉ်းထောင်များအတွင်း သော့ခတ်ခြင်း၊ ချည်နှောင်ခြင်း၊ သစ်သားထိပ်တုံးခတ်ခြင်းများ ပြုလုပ်သောအခန်း များ ရှိသည်။

[ ကမ္ဘာဦးကျမ်း ၃၉း၂၀-၂၃၊ တရားသူကြီးမှတ်စာ ၁၆:၂၁၊ ဓမ္မရာဇဝင်တတိယစောင် ၂၂း၂၆-၂၇၊ ယေရမိအနာဂတ္တိကျမ်း ၃၂း၂-၈၊ ရှင်မဿဲခရစ်ဝင် ၁၄း၃၊ တမန်တော်ဝတ္တု ၁၂း၃-၁၀၊ ၁၆း၂၂-၂၄ ]

အပြစ်ဒဏ်ခတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း (Punishment and Persecution)

အပြစ်ဒဏ်ခတ်ခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း (Punishment and Persecution)

ဓမ္မသစ်ကာလ အစ္စရေးပြည်တွင် ကျင့်သုံးခဲ့သော အပြစ်ဒဏ်ခတ်ခြင်းတို့ မှာ၊ ကြိမ်ဒဏ်ပေးခြင်း၊ နှိပ်စက်ညင်းဆဲခြင်းနှင့် သေဒဏ်ပေးခြင်းတို့ ဖြစ်သည်။ ဂျူး လူမျိုးများသည် ဂျူးဥပဒေနှင့် ရောမဥပဒေနှစ်ရပ် ချိုးဖောက်ပါက အပြစ်ဒဏ်ပေး ခြင်း ခံရပါသည်။ လူတစ်ဦး၏ ယုံကြည်ခြင်းသည် အစိုးရ၏ တည်ဆဲဥပဒေတစ်ခုခု နှင့် ဆန့်ကျင်နေပါက ညှင်းပန်းနှိပ်စက်ခြင်းဟူသော အပြစ်ဒဏ်ခံရပါသည်။ ဂျူး လူမျိုးတို့သည် ထာဝရဘုရားသခင်အား ယုံကြည်ကြသောကြောင့် ဧကရာဇ်မင်းအား ကိုးကွယ်ရန် ငြင်းဆန်ကြသဖြင့် တစ်ခါတစ်ရံ ကြိမ်ဒဏ်အထိ အပြစ် ဒဏ်ပေးခြင်း ခံခဲ့ကြသည်။

အပြစ်ဒဏ်ပေးခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်း၏ အတိုင်းအတာသည် လက်ရှိ အုပ်စိုးနေသော ရှင်ဘုရင် သို့မဟုတ် ဧကရာဇ်မင်းအပေါ် မူတည်သည်။ အချို့သည် ကြင်နာတရားရှိ၍ တရားမျှတသော်လည်း အချို့တို့သည် တရားမျှတမှုကင်းပြီး ရက်စက်ကြမ်းကြုတ်ကြသည်။

[ ရှင်မဿဲခရစ်ဝင် ၅း၁ဝ-၁၂၊ ရှင်မာကုခရစ်ဝင် ၁၃း၉-၁၃၊ တမန်တော်ဝတ္ထု ၅:၄၁၊ ဟေဗြဲသြဝါဒစာ ၁၁း၃၅-၄၀။ ]

အခွန်ကောက်ခံသူများ (Tax Collectors)

အခွန်ကောက်ခံသူများ (Tax Collectors)

ရောမအင်ပါယာအတွင်း စစ်သားများနှင့် ခေါင်းဆောင်များ၏ လစာ အတွက်လည်းကောင်း၊ လမ်းဖောက်ရန်၊ ဆည်မြောင်းဖောက်လုပ်ရန်နှင့် အဆောက်အဦးများ တည်ဆောက်ရန် အတွက်လည်းကောင်း ငွေကြေး အမြောက်အမြား လိုအပ်သည်။ ထိုလိုအပ်ငွေများ ရရှိနိုင်ရန် သိမ်းပိုက်သော အင်ပါယာအတွင်းရှိ တိုင်းနိုင်ငံအားလုံးတွင် အခွန်များ စည်းကြပ်ကောက်ယူရပါသည်။

အခွန်ကောက်ခံရန် အခွန်ခံသူများအား ရောမများက စေလွှတ်သည်။ အစိုးရအတွက် အခွန်မည်မျှ ကောက်ယူရမည်ဟု သတ်မှတ်ချက်ရှိသော်လည်း အခွန်ကောက်ခံသူများမှာ များသောအားဖြင့် မရိုးသားသူများ ဖြစ်ပြီး ပို၍ အခွန်များ တင်းကျပ်စွာ ကောက်ခံကြသည်။ ထိုထပ်ကောက်သော အခွန်များကို သူတို့က ခံစားကြသောကြောင့် ချမ်းသာလာကြသည်။ ပြည်သူများက ရောမအခွန်ကောက်ခံသူများ အား မုန်းတီး၍ ရှုတ်ချခဲ့ကြသည်။

တစ်ခါတစ်ရံ အခွန်ကောက်ခံသူများသည် မိမိတို့၏ အခွင့်အရေးကို ဂျူးကုန်သည်များ သို့မဟုတ် စီးပွားရေးသမားများထံ ရောင်းချတတ်ပေသည်။ ရောမအခွန်တော်ကောက်ခံသူများကိုယ်စား အမျိုးသားအချင်းချင်း အခွန်ကောက်ခံကြသည်။ ထိုသို့လုပ်ဆောင်သူများကို ဂျူးလူမျိုးများက ရွံရှာကြသည် အမျိုးသားသစ္စာဖောက်သူများအဖြစ် သတ်မှတ်ကြသည်။

သာမန်အမျိုးသားသည် ရောမအစိုးရအပေါ် အခွန်ပေးဆောင် ရသည်သာမက ဘာသာရေးဆိုင်ရာ ဗိမာန်တော်အခွန်လည်း ပေးဆောင်ရပါသည်။

[ ရှင်မဿဲခရစ်ဝင် ၉း၉၊ ရှင်မာကုခရစ်ဝင် ၂း၁၄၊ ရှင်လုကာခရစ်ဝင် ၁၅း၁-၂၊ ၁၉း၁-၁၀။ ]

ရောမနိုင်ငံသားများ (Roman Citizens)

ရောမနိုင်ငံသားများ (Roman Citizens)

ရောမများ ကြီးစိုးသောကာလတွင် ရောမနိုင်ငံသားတစ်ဦးဖြစ်ခြင်းသည် အလွန်တန်ဖိုးရှိလှပေသည်။ ရောမနိုင်ငံသားခံယူနိုင်ရန် အခွင့်အလမ်းများစွာ ရှိခဲ့သော်လည်း ရောမမိဘနှစ်ပါးမှ မမွေးဖွားဘဲ ရောမနိုင်ငံသားများ၏ အခွင့်အရေးများ ရယူခံစားရန် နည်းလမ်းမရှိပေ။

အခွင့်ထူးခံနိုင်ငံသားတချို့ ရှိသည်။ သူတို့သည် အင်ပါယာအတွင်း အမှု  ထမ်းဆောင်ခဲ့သောကြောင့် ဆုလဒ်အဖြစ် နိုင်ငံသားဖြစ်ခြင်းကို ချီးမြှင့်ခြင်းခံခဲ့သူများ ဖြစ်ကြသည်။ ထိုသူတို့သည် အစိုးရအထက်တန်းအရာရှိများ၊ စစ်ဦးစီးမှူးများ၊ ဂုဏ်သရေရှိပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်သည်။ သူတို့၏နိုင်ငံသားဖြစ်ခြင်း အခွင့်အရေးကို သားသမီးများက ထိုက်တန်သည်ဖြစ်စေ၊ မထိုက်တန်သည် ဖြစ်စေ ဆက်ခံခွင့် ရှိသည်။

(၂၅)နှစ်တိုင်တိုင် စစ်မှုထမ်းခဲ့သော ရောမစစ်သားများသည် ရောမနိုင်ငံ သားအဖြစ် ခံစားခွင့်ရှိသည်။ ထို့အပြင် အေးချမ်းသာယာမှုကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် မြို့သူမြို့သားများအားလုံး ရောမနိုင်ငံသားခံယူခွင့်ပေးသော သာဓကများလည်း ရှိခဲ့ဖူးသည်။

ရောမနိုင်ငံသားတစ်ဦး၏ ခံစားသော အခွင့်အရေးများမှာ အခွန်စည်းကြပ် ခြင်းမှ ကင်းလွတ်၍ ရောမတရားရုံးတွင် တရားစီရင် စစ်ဆေးဆုံးဖြတ်ခံပိုင်ခွင့် ရှိသည်။ အကယ်၍ မိမိအပေါ် တရားစီရင်ချက်သည် မတရားဟု တွေ့ရှိလျှင် ဧကရာဇ်မင်းထံသို့ ကိုယ်တိုင်အသနားခံစာ တင်လျှောက်နိုင်သည်။ အပြစ်ရှိကြောင်း ထင်ရှားသည့်တိုင် ကားတိုင်ပေါ်တင်သတ်သော စီရင်ချက်မှ ကင်းလွတ်ရသည်။

[ တမန်တော်ဝတ္ထု ၁၆:၂၁၊ ၃၇၊ ၃၈၊ ၂၂:၂၅- ၂၉၊ ၂၃:၂၇၊ ၂၅း၁၆ ]

ရောမစစ်သားများ (Roman Soldiers)

ရောမစစ်သားများ (Roman Soldiers)

ရောမစစ်သားများသည် ပြည်သူများ၏ အသက်အိုးအိမ်ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြသည်။ တပ်အင်အား ၅,၅၀၀ မှ ၆,၀၀၀ ခန့်နှင့် မြင်းတပ်ဖွဲ့ ၁၂ဝ ပါဝင်သောတပ်များဖြင့် အုပ်စုလိုက် စစ်မှုထမ်းကြသည်။ သူတို့၏တာဝန်သည် အလုပ်ကြမ်းလုပ်ခြင်း၊ ချီတက်ခြင်း၊ အလှည့်ကျကင်းစောင့်ခြင်း၊ လိုအပ်ပါက စစ်တိုက်ခြင်းတို့ ဖြစ်ပါသည်။ ရောမစစ်သားတစ်ဦးအတွက် အမှုထမ်းသက် အနှစ်နှစ်ဆယ်ဖြစ်သည်။

စစ်သားများသည် သံခမောက်ဆောင်း၍ ထူသောသားရေဖြင့် ရင်ဘတ်ကို ဖုံးအုပ်ကာကွယ်ထားသည်။ သစ်သား သို့မဟုတ် သားရေဖြင့် ပြုလုပ်ထားသော ဒိုင်းလွှားကိုဆောင်၍ ဓားရှည်၊ ဓားမြှောင်နှင့် လှံတံစသော လက်နက်များ ကိုင်ဆောင် ရပါသည်။

ရောမစစ်တပ်ဖွဲ့စည်းပုံတွင် တပ်မှူးတစ်ဦးသည် စစ်သား ၁ဝဝ အုပ်ချုပ် ရသည်။ တပ်သားများအား စစ်ရေးလေ့ကျင့်စေသည်။ စီမံအုပ်ချုပ်ရသည်။ တပ်သား များနှင့် ဆက်ဆံရာတွင် တိကျမှန်ကန်မှုရှိရပါသည်။

[ ရှင်မသဲ ၈း၅-၉၊ ၂၇၂၆-၃၁၊ လုကာ ၂၃း၄၇၊ တမန်တော်ဝတ္ထု ၁၀း၁၊ ၂၄-၂၉၊ ၂၃:၂၃-၂၄၊ ဧဖက်သြဝါဒစာ ၆း၁၀-၁၇။ ]

1 2 3 4 58