ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်းကျမ်းပိုဒ်များ

ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်းကျမ်းပိုဒ်များ

 

၁။ ခရစ်တော်၌ အသက်ရှင်ခြင်း ယော၊ ၁၅း၅။

ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှု ကိုမျှ မတတ်နိုင်ကြ။
I am the vine, ye are the branches: He that abideth in me, and I in him, the same bringeth forth much fruit: for without me ye can do nothing.

၂။ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်း တ၊ ၂၀း၃၂။

ညီအစ်ကိုတို့၊ ယခုငါသည်သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှါ၎င်း၊ သန့်ရှင်းသောသူအပေါင်းတို့နှင့် အတူသင်တို့အား အမွေပေးခြင်းငှါ၎င်း၊ တတ်နိုင်သောဘုရားသခင်၏ ကျေးဇူးတော်တရား၌လည်း သင်တို့ကိုငါအပ်နှံ၏။
And now, brethren, I commend you to God, and to the word of his grace, which is able to build you up, and to give you an inheritance among all them which are sanctified.



၃။ ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်း ရော၊ ၈း၁၄။
ဘုရားသခင်၏ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော် မူသမျှသော သူတို့သည် ဘုရားသခင်၏သားဖြစ်ကြ၏။
For as many as are led by the Spirit of God, they are the sons of God.

၄။ ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ခြင်း  ၂ကော၊ ၅း၇။

အစဉ် ရဲရင့်သောစိတ်ရှိကြ၏။ မျက်မှောက်မမြင်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည်အတိုင်း၊ ငါတို့သည် ကျင့်ဆောင်ပြုမှုသည်ဖြစ်၍၊
(For we walk by faith, not by sight:)



၅။ ချစ်ခြင်းမေတ္တာရှိသော အသက်တာ၌ အသက်ရှင်ခြင်း ၁ယော၊ ၄း၁၁။
ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။
Beloved, if God so loved us, we ought also to love one another.

၆။ ခရစ်ယာန်မိတ်သဟာယ၌ အသက်ရှင်ခြင်း ၁ယော၊ ၁း၇

ဘုရားသခင်သည်အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည်အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။
But if we walk in the light, as he is in the light, we have fellowship one with another, and the blood of Jesus Christ his Son cleanseth us from all sin.



၇။ သက်သေတစ်ဦးအနေဖြင့်အသက်ရှင်ခြင်း ၁ပေ၊ ၃း၁၅။
စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။
But sanctify the Lord God in your hearts: and be ready always to give an answer to every man that asketh you a reason of the hope that is in you with meekness and fear:

၈။ ရက်ရောစွာပေးကမ်းတတ်သောအသက်တာ၌ အသက်ရှင်ခြင်း ၂ကော၊ ၉း၇။

လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။
Every man according as he purposeth in his heart, so let him give; not grudgingly, or of necessity: for God loveth a cheerful giver.