ဂရိ-ရောမတို့အစာစားခြင်းဟန်ပန် (Greco-Roman Style of Eating)

ဂရိ-ရောမတို့အစာစားခြင်းဟန်ပန် (Greco-Roman Style of Eating)

သာမန်မိသားစုတွင် ပုံမှန်အစာစားသောအခါ မိသားစုအားလုံး ကြမ်းပြင် ပေါ်ထိုင်၍သော်လည်းကောင်း နှိမ့်သောခွေးခြေများပေါ်တွင်လည်းကောင်း စားလေ့ရှိကြသည်။

သို့ရာတွင် ပွဲချိန်နှင့် အခြားစားပွဲများကျင်းပသောအခါ အစ္စရေးလူမျိုးတို့ သည် ဂရိနှင့် ရောမတို့၏ စားသောက်ဟန်ကို အတုယူကြသည်။ သူတို့သည် ဖတ် သို့မဟုတ် နှိမ့်သောခုတင်ပေါ်တွင် လဲလျောင်းပြီး ဘယ်လက်မောင်းပေါ်မှီလျက် ညာလက်ဖြင့်စားကြသည်။ ဖျာများကို ထောင့်မှန်စတုဂံပုံရှိ စားပွဲ၏ မျက်နှာသုံးဖက် သို့မဟုတ် (U) ပုံစံရှိ စားပွဲပေါ်တွင် ပြင်ဆင်ခင်းကျင်းထားလေ့ရှိသည်။ ထိုသို့ ပြင်ဆင်ခြင်းအားဖြင့် အစေခံများက ပန်းကန်များကို အခြားပွင့်နေသောအပိုင်းမှ ယူဆောင်လာနိုင်သည်။ သိမ်းယူသွားနိုင်သည်။ မျက်နှာသုံးခု၏ အလယ်ဗဟိုနေရာတွင် အမြင့်ဆုံး ဂုဏ်ပြုသော ပုဂ္ဂိုလ်အား နေရာပေးလေ့ရှိသည်။



အစာစားရာတွင် အချဉ်ရည်ထဲသို့ ပေါင်မုန့်များကို လက်ဖြင့်နှစ်၍ စားကြသည်။ အထူးစားသောက်ပွဲများတွင် အမျိုးသမီးများသည် ယောက်ျားများနှင့်ရော၍ စားသောက်ခြင်း မပြုကြပေ။ မပြုသင့်သောလုပ်ဆောင်ချက်ဟု ယူဆကြသည်။

[ ရှင်မဿဲခရစ်ဝင် ၁၄း၆၊ ၉၊ ၂၆း၂ဝ-၂၃၊ ၂၆၊ ရှင်လုကာခရစ်ဝင် ၆:၂၁။ ]

ရောမတို့၏ ရွက်သင်္ဘောများ (Roman Ships)

ရောမတို့၏ ရွက်သင်္ဘောများ (Roman Ships)

ဓမ္မသစ်ကာလ မြေထဲပင်လယ်တွင် ဂရိနှင့် ရောမတို့၏ ရွက်သင်္ဘောများ အများဆုံး အသုံးပြုကြသည်။ ခရီးသည်တင် ရွက်သင်္ဘောဟူ၍ မရှိသော်လည်း ကုန်သည်သင်္ဘောများသည် အလွန်ကြီးမားပြီး ကုန်စည်များအပြင် ခရီးသည်များ တင်ဆောင်လေ့ရှိသည်။ သင်္ဘောများ အလွန်ကြီးမား၍ ပဲ့ကိုင်ရန် ခက်ခဲသဖြင့် မကြာခဏ သင်္ဘောနှစ်မြုပ်တတ်ပေသည်။

ဂျူးကုန်သည်တို့သည် ကိုယ်ပိုင်သင်္ဘောမရှိကြသဖြင့် ဂရိ၊ ဖိနိတ်နှင့် ရောမတို့၏ သင်္ဘောများငှားပြီး မိမိတို့၏ ကုန်ပစ္စည်းများကို ဆိပ်ကမ်းတစ်ခုမှတစ်ခု သယ်ယူလေ့ရှိကြသည်။

[ တမန်တော်ဝတ္ထု ၂၀း၁၃, ၂၁း၂၊ ၃၊ ၆၊ ၂၇း၂၊ ၆၊ ၁၀၊ ၁၅၊ ၁၇၊ ၁၉၊ ၂၂၊ ၃၀၊ ၃၇၊ ၃၈၊ ၄၁၊ ၄၄၊ ၂၈း၁၁။ ]

သရဖူများ (Crowns)

သရဖူများ (Crowns)

လူတစ်ယောက်၏ ဦးခေါင်းပေါ်တွင် သရဖူဆောင်းပေးခြင်းသည် သူ့အား ဂုဏ်ပြုခြင်း ဖြစ်သည်။ ရှင်ဘုရင်များနှင့် ယဇ်ပုရောဟိတ်များသည် ရွှေ သို့မဟုတ် အခြားအဖိုးတန်သော အရာဝတ္ထုများဖြင့် ပြုလုပ်ထားသည့် သရဖူအဝိုင်းကို ဆောင်းကြသည်။ အနိုင်ရသောအားကစားသမားများအား သံလွင်ရွက်၊ တရုပ်နံနံရွက်၊ မညိုးနွယ်ပင်မျိုး အရွက် သို့မဟုတ် ထင်းရှူးရွက်ဖြင့်ပြုလုပ်ထားသော သရဖူများ ပေးဆောင်းလေ့ရှိကြသည်။

[ ထွက်မြောက်ရာကျမ်း ၂၉း၆၊ ဆာလံကျမ်း ၂၁း၃၊ ဇာခရိအနာဂတ္တိကျမ်း ၆း၁၁-၁၄၊ ၁ ကော ၉း၂၅။ ]

ဦးညွှတ်အရိုအသေပြုခြင်း (Bowing)

ဦးညွှတ်အရိုအသေပြုခြင်း (Bowing)

အစ္စရေးလူမျိုးတို့သည် ရှင်ဘုရင်များနှင့် အခြားအရေးပါသော ပုဂ္ဂိုလ်များ ရိုသေလေးစားမှုပြုရာတွင် ဦးညွှတ်ကြသည်။ ထို့အပြင် သာမန်လူများအချင်းချင်း တောင်းခံလိုသော အရာရှိပါက ဦးညွှတ်၍ တောင်းကြသည်။ ဦးညွှတ်ရန် လူတစ်ဦးသည် အထက်ပိုင်းခန္ဓာကိုယ်ကို ရှေ့သို့ ကွေးညွှတ်ရသည်။ သို့မဟုတ် ဒူးထောက်ပြီး ဦးခေါင်းမြေကြီးထိသည့်တိုင် ရှေ့သို့ ကွေးညွှတ်ရသည်။ တစ်ခါတစ်ရံ ဦးညွှတ် ရင်းမြေကြီး သို့မဟုတ် အရိုအသေပေးခံရသောသူ၏ ဝတ်ရုံအနားစကို နမ်းတတ် ကြသည်။

[ ကမ္ဘာဦးကျမ်း ၁၇း၃၊ ၃၃း၃၊ တောလည်ရာကျမ်း ၂၂:၃၁၊ ဓမ္မရာဇဝင်တတိယစောင် ၁း၅၃၊ ရှင်မာကုခရစ် ၁း၄၀၊ ရှင်လုကာခရစ်ဝင် ၁၇း၁၆၊ ရောမသြဝါဒစာ ၁၄း၁၁။ ]

ကားတိုင်တင်သတ်ခြင်း (Crucifixion)

ကားတိုင်တင်သတ်ခြင်း (Crucifixion)

ကားတိုင်တင်သတ်ခြင်းသည် သူပုန်များနှင့် သူခိုးများအတွက် ရောမတို့ အသုံးပြုသော အပြစ်စီရင်ခြင်းတစ်မျိုးဖြစ်သည်။ အပြစ်ကျူးလွန်သူကို ကြက်ခြေ ခတ်ထားသော သစ်သားနှစ်ချောင်းပေါ်သို့ လက်နှစ်ဖက်ဆန့်တန်းစေပြီး ခြေနှင့်လက်များ သံဖြင့်ရိုက်ထားကာ တိုင်ပေါ်တွင် တွဲချည်ထားသည်။ ထို့နောက် တူးထားသော ကျဉ်းပေါက်တွင် ကားတိုင်ကို စိုက်ထူရပါသည်။

နာကျင်သော ဝေဒနာကို ကြာမြင့်စွာ ခံစားပြီး ယုတ်ညံ့စွာ သေဆုံးစေခြင်း ဖြစ်သည်။ များသောအားဖြင့် လူအများက တွေ့မြင်နိုင်ရန် လူသူစည်ကားသော လမ်းမဘေးတွင် ကားတိုင်တင်သတ်လေ့ရှိသည်။

ရောမတို့၏ ယူဆချက်မှာ ထိုသို့ပြုခြင်းဖြင့် လူအများက တရားဥပဒေကို ပို၍လေးစားကြရန် ဖြစ်သည်။ ကားတိုင်တင်ပြီး အတန်ကြာသောအခါ ရောမစစ်သားများက မြန်မြန်သေစေရန် ခြေကို ရိုက်ချိုးလေ့ရှိကြသည်။

လူတစ်ဦးအား ဥပုသ်နေ့မတိုင်ခင်နေ့၌ ကားတိုင်တင်ပါက မြန်မြန်သေပြီး အလောင်းကို ကားတိုင်ပေါ်မှ မြန်မြန်ပြန်ချနိုင်ရန်အတွက် ခြေထောက်ရိုက်ချိုးကြသည်။ ဥပုသ်နေ့တွင် ကားတိုင်ပေါ် လူသေလောင်းမထားရန် ဂျူးဥပဒေက ပြဌာန်းထားသည်။

ရောမနိုင်ငံသားများက ကားတိုင်တင်သတ်ခြင်းမှ ကင်းလွတ်ကြသည်။ ဂျူးအမျိုးသားအများစုမှာ ရောမအုပ်ချုပ်မှုအောက်တွင်ရှိနေကြသော်လည်း ရောမနိုင်ငံသား မခံယူခဲ့ကြပေ။

[ တရားဟောကျမ်း ၂၁:၂၃၊ ရှင်လုကာခရစ်ဝင် ၂၃း၂၆-၄၈၊ ရှင်ယောဟန်ခရစ်ဝင် ၁၉း၁၇-၂၄၊ ၃၁-၃၇၊ ၂၀:၂၅-၂၇။ ]

1 2 3 17