သူတောင်းစားများ (Beggars)

သူတောင်းစားများ (Beggars)

သမ္မာကျမ်းခေတ်တွင် လူအများစုဆင်းရဲကြသည်။ လယ်မှထွက်သော သီးနှံ အများစုကို အစိုးရက အခွန်အဖြစ် ကောက်ခံခဲ့သည်။ ကျန်းမာသန်စွမ်းသူတစ်ဦးက မိမိမိသားစုအသက်ရှင်နိုင်ရုံသာ ဝင်ငွေရှာနိုင်သည်။ သူတောင်းစားဆိုသည်မှာ မိမိအသက်ရှင်နိုင်ရေးအတွက် မလုပ်နိုင်သောကြောင့် သူတစ်ပါးထံမှ တောင်းစားသောသူကို ဆိုလိုသည်။ သာမန်လူများကဲ့သို့ မလုပ်နိုင်သော အကန်းများ၊ အကျိုးများ၊ သက်ကြီးသူ၊ မသန်မစွမ်းသူ စသော ဒုက္ခိတသမားများ ဖြစ်ကြသည်။ ချမ်းသာသော သူများ၏အိမ်ရှေ့၊ ဗိမာန်တော်ရှေ့ နှင့် လမ်းဘေးများတွင် ထိုင်၍ တောင်းစားကြသည်။ မင်္ဂလာဆောင်ပွဲနှင့် အသုဘပွဲများတွင် လူများသည် ပို၍စေတနာရှိကြသောကြောင့် သွားရောက်တောင်းစားလေ့ရှိကြသည်။

များစွာ‌သောဆင်းရဲသားများ၊ အလုပ်လက်မဲ့များသည် တောင်းစားပြီး အသက်ရှင်ကြသည်။ တစ်ခါတစ်ရံ သူတောင်းစားဘဝသည် ပို၍သက်သာသည်ဟု ခံယူသောကြောင့် ဒုက္ခိတသမားကဲ့သို့ ဟန်ဆောင်ကာ တောင်းစားတတ်သော မရိုးသားသူများ ရှိတတ်ပေသည်။

[ တရားဟောရာကျမ်း ၁၅း၇-၁၁၊ ဆာလံကျမ်း ၁၁၂:၉၊ ရှင်မဿဲခရစ်ဝင် ၂၀း၃၀၊ ရှင်မာကုခရစ်ဝင် ၁၀း၄၆၊ ရှင်လုကာခရစ်ဝင် ၁၆း၁၉- ၂၁၊ တမန်တော်ဝတ္ထု ၃း၂-၃။ ]