ကလေးမွေးဖွားခြင်း (Childbirth)

ကလေးမွေးဖွားခြင်း (Childbirth)

အမျိုးသမီးများ ကလေးမွေးသောအခါ ဝမ်းဆွဲဆရာမက ကူညီရသည်။ မွေးပြီးပြီးခြင်း ဝမ်းဆွဲဆရာမက ကလေးချက်ကြိုးဖြတ်၍ ရေချိုးပေးရသည်။ ထိုနောက် ကလေးအရေခွံများ မာကျစ်လာစေရန် တစ်ကိုယ်လုံး ဆားဖြင့်သုတ်လိမ်းရသည်။ ထိုသို့ပြုခြင်းကြောင့် ကူးစက်တတ်သောရောဂါမှ ကာကွယ်ခြင်းဟုလည်း ယူဆကြပေသည်။

ထို့နောက် ကလေးအား ပတ်တီးကဲ့သို့သော ရှည်လျားသည့် အနှီးနှင့် တစ်ကိုယ်လုံးရစ်ပတ်ရသည်။ သံလွင်ဆီလိမ်းပေးချိန်နှင့် ပေါင်ဒါလိမ်းပေးချိန်မှအပ ကလေးခန္ဓာကိုယ်အား မလှုပ်ရှားနိုင်ရန် ခြောက်လခန့်ရစ်ပတ်ရသည်။ ထိုသို့ မွေးစကလေးများမရစ်ပတ်ပါက ခြေလက်များ ဖြောင့်တန်းသန်မာစွာမ ကြီးထွားနိုင်ဘဲ နုနယ်သေးသောအရိုးများ ကျိုးပျက်နိုင်သည်ဟု ယုံကြည်ကြသည်။

မီးဖွားသောမိခင်အား ညစ်ညမ်းသည် ဟုသတ်မှတ်ပြီး သားမွေးသော မိခင်သည် ရက်ပေါင်း ၄ဝ၊ သမီးမွေးသောမိခင်သည် ရက်ပေါင်း ၈၀အတွင်း အခြားသူများနှင့် အတူနေခွင့်မရှိပေ။ သတ်မှတ်ထားသောနေ့ရက်များ စေ့ပြီးသောအခါ မိခင်သည် ယေရုရှလင်မြို့ရှိ ဗိမာန်တော်သို့သွား၍၊ မောရှေပညတ်လာသည့်အတိုင်း သိုးသငယ် တစ်ကောင်ဖြင့် ယဇ်ပူဇော်ရသည်။ ဆင်းရဲသောမိသားစုအတွက် ခိုတစ်ကောင်ဖြင့် ယဇ်ပူဇော်ရသည်။ ထိုနောက်မှသာ ပုံမှန်အတိုင်း ပြန်လည်သက်ရှင် လှုပ်ရှားနိုင်သည်။

ဥပုသ်နေ့တွင် အရေးပေါ်ကလေးမွေးပေးသော ဝမ်းဆွဲဆရာမအား ဉပုသ်နေ့ဆိုင်ရာ ပညတ်ကျူးလွန်သည်ဟု မသတ်မှတ်ပေ။

[ ယေဇကျေလအနာဂတ္တိကျမ်း ၁၆း၄၊ ရှင်လုကာခရစ်ဝင် ၂း၇၊၁၂။ ]