တံငါလုပ်ငန်း (Fishing)

တံငါလုပ်ငန်း (Fishing)

လှေများ (Boats)

ဂါလိလဲပင်လယ်သည် လူအများငါးဖမ်း၍ ခရီးသွားလာရန် အသုံးပြုခဲ့ကြသော ကုန်းတွင်းအိုင်ကြီးဖြစ်သည်။ အသုံးပြုသောလှေများမှာ သစ်သားလှေဖြစ်၍၊ လူဆယ်ယောက်မှ ဆယ့်နှစ်ယောက်အထိ သယ်ဆောင်နိုင်သည်။ တစ်ခါတစ်လေ လှော်တက်ဖြင့် လှော်ရသော်လည်း တစ်ခါတစ်ရံ ရွက်လှေများဖြင့် ရွက်တိုက်ကြသည်။ လှေများကို များသောအားဖြင့် ငါးဖမ်းရန်အသုံးပြုသည်။ သို့သော် တချို့သည် ခရီးသည်တင်လှေများဖြစ်၍၊ တချို့သည် ဂါလိလဲပင်လယ်တစ်ဖက်ကမ်းမှ တစ်ဖက်ကမ်းဒေသများသို့ ကူးသန်းရောင်းဝယ်ရန် အသုံးပြုသော ကုန်တင်လှေသမ္ဗန်များ ဖြစ်သည်။ တံငါလှေများသည် ပင်လယ်နှင့်သမုဒ္ဒရာအတွင်း သွားလာနိုင်လောက်အောင် မကြီးမားကြပေ။

[ ရှင်မဿဲခရစ်ဝင် ၈း၂၃။ ရှင်မာကုခရစ်ဝင် ၄:၁၊ ၆း၄၇-၄၈ ၅၁၊ ၈း၁၀, ၁၃-၁၄၊ ရှင်လုကာခရစ်ဝင် ၅း၁-၇။ ]

 

ငါးဖမ်းခြင်း (Fishing)

အစ္စရေးပြည်သူပြည်သားများသည် ငါးကိုစားသုံးကြ၏။ အကြောင်းမှာ ဆိတ်နှင့် သိုးများလောက် ဈေးမကြီးသောကြောင့်ဖြစ်၏။ အခြားအကြောင်းတစ်ခုမှာ အရှေ့ ဘက်ပင်လယ်ကမ်းခြေ၌ အင်းအိုင်ရှိ၍ ငါးပေါများသည်။ ဂါလိလဲပင်လယ်သည် ကြီးမားသောရေချိုအင်းအိုင်ကြီးဖြစ်၍ ငါးများစွာ ရှိသည်။ ထို့ကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသောလူများသည် ငါးဖမ်းခြင်းအလုပ်ဖြင့် အသက်မွေးဝမ်း ကျောင်း ပြုကြသည်။

တံငါလှေများအပေါ်မှ ငါးများကြိုးချိတ်များ၊ လှံတံနှင့် ပိုက်ကွန်များဖြင့် ပစ်၍ ငါးဖမ်းကြ၏။ တံငါသည်များမှာ ညအချိန်တွင် ထွက်၍ ငါးဖမ်းကြသည်။ တစ်ခါတစ်ရံ သူတို့သည် ကြီးမားသော ပိုက်ကွန်အား လှေနှစ်စီးကြားတွင် ကန့်လန့်တန်းလိုက်ပြီး ကမ်းခြေသို့ဆွဲတင်ခြင်းဖြင့် ငါးဖမ်းကြသည်။

အများအားဖြင့် ငါးများကို မြို့ဈေးများတွင် ရောင်းကြ၏။ ငါးအချို့ကို မပျက်စီးသွားစေရန် ဆားဖြင့်နယ်ပြီး အခြောက်လှန်းကြသည်။ ထိုနောက် အင်းအိုင်နှင့်ဝေးသော အရပ်ဒေသမှနေထိုင်ကြသော လူများအား ရောင်းပေးကြသည်။

[ ရှင်မဿဲခရစ်ဝင် ၄း၁၈, ၁၃၄၇-၄၈၊ ရှင်မာကုခရစ်ဝင် ၁း၁၆၊ ရှင်လုကာခရစ်ဝင် ၅း၁-၇၊ ရှင်ယောဟန်ခရစ်ဝင် ၂၁း၃-၁၁။ ]

 

မိုးသက်မုန်တိုင်းများ (Storms)

ဂါလိလဲပင်လယ်သည် ပင်လယ်ပြင်ထက်နိမ့်သောနေရာတွင် တည်ရှိပြီး၊ ရေမျက်နှာပြင်ပေါ်ရှိ လေသည် ပူနွေးနေ၏။ ပတ်ဝန်းကျင်တွင် တောင်ကုန်းဝိုင်းရံထားသောကြောင့် ၎င်းဒေသများရှိ လေထုသည် အေးလျက်ရှိ၏။

ထိုကြောင့် တောင်တန်းများပေါ်မှ အေးသောလေတိုက်ခတ်၍ ပင်လ ရေပြင်ရှိ နွေးသော လေထုနှင့် တွေ့ထိသောအခါ ကြမ်းတမ်းသောမှန်တိုင်း ဖြစ်ပေါ်လေ့ ရှိသည်။ မုန်တိုင်းသည် ရုတ်တရက် ဖြစ်ပေါ်လေ့ရှိပြီး၊ ကြိုတင်သတိပေးချက် အလွန်နည်းသည်။ တံငါသည်များသည် မိမိတို့၏ သစ်သားလှေပေါ်မှ ပြင်းထန်သောမိုးသက် မုန်တိုင်းများကို အမြဲသတိထားစောင့်ကြည့်နေရပါသည်။ အဘယ်ကြောင့်ဆိုသော် ပြင်းထန်သောမုန်တိုင်းကြောင့် လှေမှောက်ခြင်း၊ ကမ်းစပ်ရှိကျောက်ဆောင်များနှင့် တိုက်မိခြင်းစသော အန္တရာယ်များရှိသောကြောင့်ဖြစ်သည်။

[ ရှင်မဿဲခရစ်ဝင် ၈း၂၃-၂၆၊ ၁၄:၂၃-၃၂၊ ရှင်မာကုခရစ်ဝင် ၄:၃၆-၃၇၊ ၆:၄၇-၄၈။ ]