ဈာပနနှင့်သဂြိုဟ်ခြင်း (Funeral and Burial)

ဈာပနနှင့်သဂြိုဟ်ခြင်း (Funeral and Burial)

လူသေသောအခါ အလောင်းကိုရေဆေးပြီး ဆီနှင့်အမွှေးအကြိုင်များလိမ်းကာ အဝတ်နှင့် ပတ်ရစ်ထားရသည်။ ထိုနောက် သီးသန့်အဝတ်စဖြင့် မျက်နှာဖုံးပေးရသည်။ ယဇ်ပုရောဟိတ်က သိုးချိုကိုမှုတ်၍ ကြော်ငြာရသည်။

သေဆုံးပြီးနာရီပိုင်းအတွင်း သင်္ဂြိုဟ်ရသည်။ ဆွေမျိုးများနှင့်မိတ်ဆွေများက အလောင်း သယ်ဆောင်သွားစဉ်၊ ကြေးစားငိုကြွေးသော အမျိုးသမီးအုပ်စုက လိုက်လာ၍ သချိုင်းကုန်းသို့သွားရသည်။ အလောင်းကို ဂူသွင်းသဂြိုဟ်ကြသည်။ ထို့နောက် မိတ်ဆွေများသည် သေဆုံးသူ၏အိမ်သို့လာကြပြီး အသုံးပြုခဲ့သော ပရိဘောဂများအားလုံး ပြောင်းပြန်လှန်ပေးရသည်။ ထို့နောက် အိမ်နီးနားချင်းတစ်အိမ်သို့ ဝင်ပြီး ပေါင်မုန့်၊ ကြက်ဥပြုတ်နှင့် ပဲတောင့်များ စားကြသည်။

သုံးရက်အတွင်း အလောင်းကိုကြည့်ရှုဆီလိမ်းခြင်း၊ ငိုကြွေးခြင်းများ ပြုကြသည်။ လေးရက်မြောက်သောနေ့တွင် အလောင်းသည် ပုပ်ပျက်စပြု၍၊ ဝိညာဉ်သည်လည်း ခန္ဓာကိုယ်မှ ခွဲ ခွာသည်ဟု ယုံကြည်ကြသည်။ ထိုအခါ ဂူပေါက်ဝကို ကျောက်တုံးကြီးဖြင့် ပိတ်ထားကြသည်။

အထူးလွမ်းဆွတ်သတိရပြီး ငိုကြွေးခြင်းကာလ (၇)ရက် လွန်ပြီးနောက်၊ ဉပုသ်နေ့ တစ်လတာအတွင်း ဆက်လက်လွမ်းဆွတ်တမ်းတရပါသည်။

[ ကမ္ဘာဦးကျမ်း ၂၃း၁-၆၊ ၃၇း၃၄-၃၅၊ ဓမ္မရာဇဝင်ဒုတိယစောင် ၃း၃၁-၃၂၊ ဓမ္မရာဇဝင်စတုတ္ထစောင် ၁၃း၂၁-၂၂၊ ယေရမိအနာဂတ္တိကျမ်း ၉း၁၇-၁၈၊ ၁၆း၆-၇၊ အာမုတ်အနာဂတ္တိကျမ်း ၅း၁၆၊ ရှင်မာကုခရစ်ဝင် ၁၅း၄၆၊ ၁၆း၁-၂) ရှင်လုကာခရစ်ဝင် ၇◌း၁၂၊ ၂၃:၅၅-၅၆၊ ရှင်ယောဟန်ခရစ်ဝင် ၁၁း၁၇-၄၄။ ]