အနာကြီးရောဂါ (Leprosy)

အနာကြီးရောဂါ (Leprosy)

အနာကြီးရောဂါဆိုသည်မှာ အရေပြားရောဂါတစ်မျိုး ဖြစ်သည်။ အဖြူ ကွက်မှ အစပြု၍ တဖြည်းဖြည်းတိုးပွားလာရာ ခြေချောင်းလက်ချောင်းများ စားသွားအထိ ဖြစ်တတ်သည်။ သမ္မာကျမ်းစာခေတ်တွင် အနာကြီးရောဂါစွဲသောသူသည် (၁၅)နှစ်မှ (၂၀)ထိ အသက်ရှင်နိုင်သည်။ ကူးစက်တတ်သောရောဂါဖြစ်သောကြောင့် ကြောက်စရာကောင်းသည်။ ထိုကြောင့် ရောဂါသည်များအား မိမိအိမ်၊ မိမိမိသားစု နှင့်ခွဲ၍ မြို့ပြင်ရွာပြင်သို့ သီးသန့်ထားရသည်။

 

တချို့သည် တစ်ဦးတည်း လှည့်လည်သွားလာ၍ တချို့သည် အုပ်စုလိုက် နေထိုင်ကြသည်။ ဟောင်းနွမ်းစုတ်ပြတ်၍၊ သေသပ်မှုမရှိသော အဝတ်အစားများ ဝတ်ဆင်ကြသည်။ မိမိအနားသို့ တစ်ဦးတစ်ယောက် ချဉ်းကပ်သောအခါတိုင်းတွင် ညစ်ညမ်းသည်၊ ညစ်ညမ်းသည်” ဟုအော်ရန် ဂျူးဥပဒေက ပြဋ္ဌာန်းထားသည်။ ဂျူးလူမျိုးများသည် အခြားသော အရေပြားယားခြင်း အမျိုးမျိုးများကိုပင် အနာကြီး ရောဂါဟု ယေဘုယျအားဖြင့် စုပေါင်းခေါ်ကြဟန်ရှိသည်။

ရောဂါပျောက်သောအခါ ယဇ်ပုရောဟိတ်ထံတွင် တကယ်ပျောက်ကင်း ကြောင်း အစစ်ခံပြီး၊ ငှက်တစ်ကောင်နှင့် ယဇ်ပူဇော်ရသည်။ ရောဂါပျောက်သော သူသည် ရေချိုးပြီး ဆံပင်ရိတ်ရသည်။ ထို့နောက် အိမ်ပြန်လာပြီး၊ အိမ်ပြင်တွင်(၇)ရက် နေရသည်။ (၈)ရက်မြောက်သောနေ့တွင် သိုးထီးငယ် (၂)ကောင်၊ သိုးမငယ် (၁)ကောင်၊ ဆီရောသော ဂျုံမှုန့်နှင့် ဆီများ ယဇ်ပုရောဟိတ်ထံသို့ ယူလာရသည်။ လူနာအားစစ်ဆေးပေးသော ယဇ်ပုရောဟိတ်သည် ကျန်းမာလာသော သူနှင့် ပူဇော်သကာများကို ဗိမာန်တော်ရှေ့တွင်ထား၍ အပြစ်ကျူးလွန်မှုကြောင့် ပြန်လည်သန့်ရှင်းရန် ယဇ်ပူဇော်သည့်နည်းတူ ပူဇော်ရသည်။

[ တောလည်ရာကျမ်း ၁၂:၉-၁၆၊ ဝတ်ပြုရာကျမ်း ၁၃း၁၄၊ ဓမ္မရာဇဝင်စတုတ္ထစောင်၊ ၇း၃-၁၀၊ ရှင်မာကုခရစ်ဝင် ၁း၄ဝ-၄၅၊ ရှင်လုကာခရစ်ဝင် ၁၇း၁၂-၁၉။ ]