မင်္ဂလာဆောင်ခြင်း (Wedding)

မင်္ဂလာဆောင်ခြင်း (Wedding)

မင်္ဂလာဆောင်ခြင်းသည် ရက်သတ္တတစ်ပတ်အထိ ကြာနိုင်သော ပွဲလမ်းသဘင်ကြီးတစ်ခု ဖြစ်သည်။ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ရန် ရပ်ဝေးရှိဆွေမျိုး မိသားစုများ လာရသည်။ ပွဲချိန်တွင် သီဆိုကခုန်ကြသည်။ စားသောက်ပြီး၊ ပျော်ရွှင်စွာ ကစားကြရသည်။ လုံလောက်စွာ ဧည့်ခံကျွေးမွေးနိုင်ရန်နှင့် လူများအားလပ်စွာ ပါဝင်နိုင်ကြရန်အတွက် မင်္ဂလာဆောင်ပွဲကို ကောက်ရိတ်သိမ်းပြီးချိန်တွင် ကျင်းပလေ့ရှိသည်။

 

မင်္ဂလာဆောင်ပွဲအစပြုရန် သတို့သမီးနှင့် သူ၏သူငယ်ချင်းများသည် မိဘအိမ်မှ သတို့သားအိမ်သို့ လမ်းလျှောက်လာရသည်။ လမ်းတစ်လျှောက်တွင် သီချင်းဆို၍ ကလာကြသည်။ ပန်းများကြဲကြသည်။ သတို့သားနှင့်သူငယ်ချင်းများသည် မိတ်ဆွေတစ်ဦးဦးအိမ်မှ ချီတက်လာ၍ သတို့သမီးအဖွဲ့နှင့်ပေါင်းကာ မိဘအိမ်သို့ ဝင်လာကြသည်။

သတို့သမီး၏မျက်နှာကို ပဝါဖြင့်ဖုံးထားပြီး၊ မိမိလင်ယောက်ျားနှင့် နှစ်ဦးတည်းမနေရမချင်း ပဝါမဖွင့်ရချေ။ သတို့သားသည် သတို့သမီးပေးသော မင်္ဂလာဝတ်စုံလက်ဆောင်ကို ဝတ်ဆင်ရသည်။ ဧည့်သည်များကလည်း မင်္ဂလာဆောင်ဝတ်စုံများ ဝတ်ဆင်ရပါသည်။

[ ကမ္ဘာဦးကျမ်း ၂၉း၂၂-၃၀၊ တရားသူကြီးမှတ်စာ ၁၄:၁၀-၁၈၊ ဆာလံကျမ်း ၄၅း၁၃-၁၅၊ ဟေရှာယအနာဂတ္တိကျမ်း ၆၁း၁ဝ၊ ရှင်မဿဲခရစ်ဝင် ၂၅း၁-၃၊ ရှင်ယောဟန်ခရစ်ဝင် ၂:၁-၁၁။ ]