ရေတွင်းများ (Wells)

ရေတွင်းများ (Wells)

ရေတွင်းဆိုသည်မှာ ရေပြင်အထိနက်အောင် တူးထားသောတွင်းကို ဆို လိုသည်။ အမျိုးသမီးများက မြေခွက်ကြီးများဖြင့် ရေတွင်းရှိရာသို့ ကော်ခပ်ရသည်ဖြစ်ရာ ရေတွင်းနက်ပါက မီနိုင်အောင်ကြိုးဖြင့် ချည်၍ခပ်ရပါသည်။ ရေတွင်းထဲသို့ လူများ တိရစ္ဆာန်များ မကျမိရန်၊ ပတ်လည်တွင် ကျောက်များစီထားပြီး၊ အပေါက်ဝကို ကျောက်တုံး သို့မဟုတ် သစ်တုံးများဖြင့် ပိတ်ထားရသည်။ ဤသို့ပိတ်ထားခြင်းဖြင့် တွင်းရေကို အမြဲသန့်ရှင်းစေပါသည်။

ရေတွင်းသည် ညနေတိုင်း ရေခပ်ဆင်းလေ့ရှိသော အမျိုးသမီးများ၏တွေ့ဆုံရာဌာနဖြစ်၍၊ သတင်းများအချင်းချင်းဖလှယ်ကြရာ နေရာလည်းဖြစ်သည်။ အများစုက မကောင်းသောသူဟု အထင်ခံရသော အမျိုးသမီးများသည် ရေခပ်ဆင်းရန်အတွက် ညနေခင်းအချိန်ကို ရှောင်ကြသည်။

ပူပြင်းခြောက်သွေ့သော အစ္စရေးနိုင်ငံတွင် ရေတွင်းသည် အလွန်အရေးကြီး လှပေသည်။ တချို့နေရာများတွင် အများသုံးရေတွင်းသည် လူနှင့်တိရစ္ဆာန်များ အတွက် တစ်ခုတည်းသော ရေရရှိနိုင်သည့်နေရာ ဖြစ်သည်။

[ ကမ္ဘာဦးကျမ်း ၂၄း၁၁- ၂၁၊ ၂၆း၁၈-၂၂၊ ၂၉း၂-၃၊ ထွက်မြောက်ရာကျမ်း ၂၁း၃၃-၃၄၊ ဝတ်ပြု ဘောလည်ရာကျမ်း ၂၁း၁၇-၁၈၊ ရှင်ယောဟန်ခရစ်ဝင် ၄:၅-၁၅၊ ရာဇဝင်ချုပ်ပထမစောင် ၁၁း၁၇-၁၈။ ]