စာရေးကိရိယာများ (Writing Materials)

စာရေးကိရိယာများ (Writing Materials)

သမ္မာကျမ်းစာခေတ်တွင် များသောအားဖြင့် မှင်နက်ကို အသုံးပြုကြသည်။ မင်နီကို တစ်ခါတစ်ရံမှသာ ရရှိနိုင်သည်။ ကျပ်ခိုးနှင့်ဆီ ရော၍လည်းကောင်း၊ ကော် တစ်မျိုးအားဖြင့်လည်းကောင်း မှင်နက်ပြုလုပ်၍ မြေအိုးများ သတ္တု အိုးများတွင် ထည့်ထားရသည်။

က‌လောင်တံကို တစ်ဖက်ချွန်ထားသော ကျူပင်ဖြင့်ပြုလုပ်သည်။ စာဆက်လက်ရေးသားနေသူသည် ကလောင်တံကို မှင်အိုးထဲနှစ်ထားရသည်။

စာရွက်ကို ရေအိုင်ကမ်းစပ် စိမ့်စမ်းရှိသောနေရာနှင့် မြစ်ကမ်းများတွင် ရောက်သည့် ကျူဖြင့်ပြုလုပ်ရသည်။ ကျူပင်သည် လုံးပတ်သေး၍ ရှည်လျားပြီး အပင်ဖျားတွင် သေးငယ်ရှည်လျားသော အရွက်စုရှိသည်။ ကျူပင်ဖြင့် ခြင်းတောင်း၊ ကြိုးသိုင်း၊ ဖိနပ်၊ လှေနှင့် အခြားအရာများလည်း ပြုလုပ်ကြသည်။ သို့သော် စာရွက် ထုတ်လုပ်ရန် အသုံးပြုသော ပထမစားကုန်ကြမ်းဝတ္ထု အဖြစ် လူသိများသည်။

စာရွက်ပြုလုပ်သူများသည် ပေပင်အတွင်းသားရှိ စေးကပ်သော ရိုးတံအညှာကို ပါးပါးလှီးပြီး အဝတ်စအောက်တွင် အလျားလိုက်စီကာ၊ ပြားချပ်လာသည်အထိ ထုထောင်းရသည်။ ထိုနောက် လေးလံသော ကျောက်တုံးဖြင့် ဖိထားရသည်။ ခြောက် သွေ့လာသောအခါ ချောမွေ့ သောမျက်နှာပြင်ရှိသည့် စာရေးသားရန်အဆင်သင့်ဖြစ် ၊

သော စာရွက်ဖြစ်လာသည်။ အလုပ်သမားများသည် စာရွက်တစ်ရွက်စီကို ကော်ကပ်၍ လိပ်ထားရာ၊ ၎င်းကို စာလိပ်ဟုခေါ်သည်။

အစ္စရေးလူမျိုးများသည် မိမိတို့၏ဥပဒေသများ၊ မှတ်တမ်းများနှင့် သမိုင်းများကို စာလိပ်ပေါ်တွင် ရေးသားကြသည်။ ရဗ္ဗိဟုခေါ်သော ဆရာများက တရားဇရပ် ကလေးများ စာသင်ပေးသောအခါ တရားဇရပ်တွင် ထိန်းသိမ်းထားသော စာလိပ်များမှ ဖတ်ရှုသင်ကြားပေးကြသည်။ ဓမ္မသစ်ကာလတွင် အစ္စရေးလူမျိုးများသည်

အာရေမိဘာသာ၊ ဂရိဘာသာနှင့် ရှေးဟေဗြဲဘာသာများဖြင့် စာရေးသားကြသည်။ အာရေမိဘာသာစကားသည် အချို့ ဂျူးလူမျိုးတို့၏ နေ့စဉ်သုံးဘာသာစကားဖြစ်သည်။  ဂရိဘာသာစကားကို ဂျူးလူမျိုးမဟုတ်သော ဟေလသလူမျိုးများက သုံးသည်။ ဟေဗြဲဘာသာစကားကို ဂျူးလူမျိုးအများစုက သုံးပြီး ဗိမာန်တော်နှင့် တရားဇရပ်များတွင် ပြောဆိုကြသည်။ ဟေဗြဲနှင့် အာရေမိဘာသာကို ရေးသားရာတွင် ညာဘက်မှဘယ်ဘက်သို့ ရေးသားရသည်။ ဂရိဘာသာကို ဘယ်ဘက်မှ ညာဘက်သို့ ရေးသားရပါသည်။

[ ဟေဇာကျေလအနာဂတ္တိကျမ်း ၂း၉-၁၀၊ ယေရမိအနာဂတ္တိကျမ်း ၃၆း၂ဝ-၂၃၊ ဗျာဒိတ်ကျမ်း ၅း၁၊ ၆း၁၄။ ]